တောင်ငူမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပ

တောင်ငူ ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံး၊ အိမ်တွင်းမှုကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Tdh-L အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ကလေးသူငယ်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်သည်။

ထို့နောက် Tdh-L အဖွဲ့အစည်းမှ တည်ထောင်ခွင့်ပြုမိန့်ရ မူလတန်းကြိုကျောင်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၂-၆-၂၀၂၆) ရက်နေ့မှ (၂၆-၆-၂၀၂၆) ရက်နေ့အထိ(၅)ရက်တာ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)