ကျုံပျော်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာဖြေဆိုနေ့တွင် (၁၃၀၄) ဦး ဝင်ရောက်ဖြေဆို
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၁) ခုဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။