ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ

ဘိုကလေး နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်တွင် ယနေ့နံနက် (၉) နာရီအချိန်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကျင်းပသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ကြပြီး တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်သည် ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရသည့်စနစ်ဖြစ်၍ မဲပေးစက်များ စနစ်တကျကိုင်တွယ်အသုံးပြုနိုင်စေရေး ကြိုတင်ဆောင်ရွက်ထားရန်၊ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာမည့်မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး  ဘိုကလေးမြို့နယ်အတွက် မဲပေးစက်ထားရှိမည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)