ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အား အေးချမ်းပျော်ရွှင်စွာဖြေဆိုပြီးစီး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က ဓနုဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)ခုတွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ စုစုပေါင်း(၁၀၇၄)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၁.၅၃)ရာနှုန်း ဖြေဆိုကြပြီး ကျောင်းသား/ သူများက အချိန်ပြည့်ဝင်ရောက် ဖြေဆိုနိုင်ခဲ့ကြရာ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်းသိရသည်။