ဧရာဝတီတိုင်းဒေသကြီး

ကျုံပျော်မြို့နယ်၌ ကောက်ရိုး၊ ပဲမှော်ဖြင့် သဘာဝမြေဩဇာပြုလုပ်ခြင်း လက်တွေ့သရုပ်ပြ

မြေဆီလွှာပျက်စီးခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်‌စေရန်အတွက် ကောက်ရိုး၊ ပဲမှော်တို့ကိုအသုံးပြုကာ သဘာဝမြေဩဇာပြုလုပ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြိုနယ် ဘုရားကလေးဆိပ်ကျေးရွာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယမန်နေ့နံနက် (၁၀)နာရီက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျုံပျော်မြို့နယ်၌ ဂန္ထဝါစကပဏ္ဍိတ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်ခရိုင်  ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက် မစိုးရိမ်ကျောင်းတိုက်ရှိ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တစန္ဒာဝရအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို မတ် ၂၀ ရက် နံနက် ၈ နာရီခွဲက အဆိုပါကျောင်းတိုက်ရှိ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပသည်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် (၈၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ပြုလုပ်ခဲ့ရာ စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊  တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ သွားရောက်ကြည့်ရှုအားပေးသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ မော်တော်ရေယာဥ်များအား လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေယာဥ်များအား ယနေ့နံနက်ပိုင်းက တုံးလှဲချောင်းမြစ်အတွင်းရှိ  ရေယာဥ်အမည် MV အောင်ရတနာသန်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မတ်လ ၂၀ ရက်နံနက်က ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၅ စုတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၊ ဆီလုပ်ငန်းရှင်များအသင်းတို့ကြီးကြပ်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆီငါးဆယ်ကျပ်သားဆီ သတ်မှတ်ရည်ညွှန်ဈေးများဖြင့် ရောင်းချပေးလျက်ရှိသည်။

တရားမဝင်အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်း ဆိုင်များ၊ Showroom များတွင် တရားမဝင် အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဖျာပုံမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ECCD Certificate ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဖျာပုံမူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး