ကြံခင်း နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ စတင်အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောင်ပွဲကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကိုထပ်မံကာ (ဒုတိယအကြိမ်) ရပ်ကွပ်/ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကြေညာကပ်ထားလျက်ရှိရာ ဒေသခံ ပြည်သူများက လာရောက်ကြည့်လျက်ရှိကြကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး ၃၅ ရုံးတွင် (ဒုတိယအကြိမ်)အဖြစ် ကပ်ထားကြေညာပေးလျက်ရှိရာတွင် ဌာနဆိုင်ရာများ၊ ကျေးရွာ/အုပ်စု၊ ရပ်ကွက်များမှ ဒေသခံပြည်သူများက မိမိ၏ အမည်ပါဝင် မှု ရှိ/မရှိအား လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ဖြိုးဝလင်း