အိမ်မဲ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ “၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးပါးတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲ” အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အိမ်မဲမြို့နယ်၊ ဝဲကြီးဝကျေးရွာ၊ ကွင်း အမှတ် ၇၅-ခ၊ ဦးပိုင် အမှတ် ၅/၃ရှိ တောင်သူဦး၀င်းတင်၏ လယ်မြေ(၂.၀၀)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲ အခမ်းအနားသို့ အိမ်မဲမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတောင်သူများက တောင်သူ ဦးဝင်းတင်၏ လယ်မြေကွင်းအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံ လျှော်)များအား စက်ကိရိယာများဖြင့် ထယ်ထိုးထည့်သွင်း မြေမြှုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး၊ အဆိုပါ ရိတ်သိမ်းမှု၌ (၁.၀၀)ဧကလျှင် ပိုက်ဆံလျှော်အစိုတန်၇.၉တန် ထွက်ရှိပြီး ယူရီးယား ၂.၁၅အိတ်၊ တီစူပါ ၀.၇၅ အိတ်၊ပိုတက်ရှ် ၁.၄၄အိတ် သုံးစွဲမှုများနှင့် ညီမျှသည့် အကျိုးကျေးဇူးရရှိကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ကျော့ကျော့စံက အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)