မြန်‌အောင်မြို့နယ် အ.ထ.က သပြေကုန်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး (The Whole Burma Top_10) စာရင်းဝင်တစ်ဦး ထူးချွန်စွာပေါ်ထွက်

မြန်အောင် ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်းမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးရရှိသည့် (The Whole Burma Top_10) စာရင်းဝင် ထူးချွန်ကျောင်းသူတစ်ဦးပေါ်ထွက်ခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအဆင့် (The Whole Burma Top_10 ) အဆင့် (၄) စာရင်းဝင်ခဲ့သည့် အ.ထ.က သပြေကုန်းမှ ခုံအမှတ် အမအ ၆၆၃ မမေသဇင်ဦးသည် သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များဂုဏ်ထူးရရှိပြီး စုစုပေါင်းရမှတ်(၄၈၇) မှတ် ရရှိကြောင်း သိရသည်။

ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသမှ တစ်နိုင်ငံလုံးအဆင့် (The Whole Burma) ဆုရရှိသူ ပေါ်ထွက်လာခြင်းသည် မိဘနှင့်ဆရာ/ဆရာမများ၏ စနစ်တကျ ပြုစုပျိုးထောင်ပေးမှုများ၊ ကျောင်းသား/သူများ၏ ကြိုးစားအားထုတ်မှုများကြောင့် တိုင်းဒေသကြီး ဂုဏ်ကိုဆောင်နိုင်သည့်ထူးချွန်ထက် မြက်သည့် ကျောင်းသားကျောင်းသူများ ပေါ်ထွက်လာခြင်းဖြစ်သည်။

ဝင်းဗိုလ် (ပြန်/ဆက်)