ကျုံပျော်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြော

ကျုံပျော် ဩဂုတ် ၅

မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက်  စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊  ကျုံပျော်မြို့နယ်၊  ရှားခဲကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် ရှားခဲနယ်မြေမီးသတ်စခန်း လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်လင်းထက်က စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိသင့်သည်များ၊ မီးသတ်ဆေးဘူးအကြောင်း သိကောင်းစရာနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို  ‌ဟောပြောဆွေးနွေးပြီး ဟောပြောပွဲသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)