ဧရာဝတီတိုင်းဒေသကြီး

ကန်ကြီးထောင့်မြို့နယ်၌ မြို့ဝင်/မြို့ထွက်၊ ယာဉ်စစ်/ပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ် မော်တော်ယာဉ်များ၊ ယာဉ်နံပတ်အတုတပ်သုံးစွဲနေမှုများမရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် ယာဉ်စစ်/ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကြံခင်းမြို့၌ ရွှေညောင်ပင်ကျောင်းတိုက်တွင် ​မြို့နယ်သံဃနာယကအဖွဲ့ အတည်ပြုခန့်အပ်လွှာ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ​ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မာရုံတော်ကြီး၌ ယနေ့နံနက် ၇ နာရီက မြို့နယ်သံဃနာယကအဖွဲ့ အတည်ပြုခန့်အပ်လွှာဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ကြံခင်းမြို့နယ်အတွင်း လူဦးရေစာ​ရင်းတိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်စန်းချစ်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၄ ရက်နေ့နံနက်ပိုင်းက ​ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ မြို့နယ်အတွင်းရှိ လူဦးရေစာ​ရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြန်အောင်မြို့၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၄ ရက်နေ့ နံနက်က ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းသုံးဆီများကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးတွင် ယမန်နေ့နံနက်က စားသောက်ကုန်လုပ်ငန်းသုံးဆီများကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ ကျေးရွာများအရောက် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာများအရောက် စားသုံးဆီများ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအစီအစဥ်အနေဖြင့် စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့၌ ဘုရားကျောင်းကန်များ၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ သာသနာနှစ်-၂၅၆၉၊ သက္ကရာဇ်-၁၃၈၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့၌ ဘုရားကျောင်းကန်များ၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြကာ တရားဘာဝနာများ ကြိုးစားအားထုတ်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရန်နှင့် မိုးရာသီကာလဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်သိရှိကာကွယ်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး