ဧရာဝတီတိုင်းဒေသကြီး

ပန်းတနော်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင် ရေး“လူငယ်စကားဝိုင်း” ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် “လူငယ်စကားဝိုင်း” ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အမာမြို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို သက်သာသောစျေးနှုန်း ဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ မြစ်ကျိုးအုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယမန်နေ့ နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ (၂၈၆၀) ပိဿာ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဘိုကလေးမြို့နယ် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့နှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့နှင့် တွေ့ဆုံပွဲကျင်းပသည်။

လေးမျက်နှာမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၈)ရက်နေ့နံနက်က ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး အင်္ဂပူမြို့နယ်အတွင်း လူဦးရေစာရင်းစစ်ဆေးနေမှု ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၄)ရက်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်အတွင်းရှိ ထူးကြီးမြို့၊ မဲဇလီကုန်းမြို့နှင့် အင်္ဂပူမြို့တို့တွင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်နေသည့် စက်ရုံ၊ အလုပ်ရုံအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ၆-မိဿလင်ကွင်း၊ ဦးပိုင်အမှတ် ၉၀၁/၇ တွင်ရှိသည့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်နေသည့် စက်ရုံ၊ အလုပ်ရုံအား စက်တင်ဘာလ(၄)ရက်၊ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ ၅ ရက်နေ့နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရေကြည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြပွဲကျင်းပ

ယခုအခါ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လေ့ရှိသည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အသုတ်မြို့ကျောင်းဝန်းအတွင်း၌ မီးဘေးကြိုတင်ကာကွယ် ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး