မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်၌ လွှတ်တော် ကိုယ်စားလှယ်ဖလား U -13 ဘောလုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူး၍ ယမန်နေ့ နံနက် ၇ နာရီက ၅၆ လမ်း၊ ၁၂၇×၁၂၈ ကြားရှိ ထထ-၃၆၊ အားကစားကွင်း၌ လွှတ်တော်ကိုယ်စားလှယ်ဖလား U-13 ဘောလုံးပြိုင်ပွဲ ကျင်းပသည်။

ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် နည်းပညာပေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးနှင့် သဘာဝမြေဩဇာများ စနစ်တကျသုံးစွဲစေရေး ဟောပြောပွဲကို မေ ၂၃ ရက်၊ နံနက် ၉ နာရီအချိန်က မြေနဲလေးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ပညာပေးဟောပြောဆွေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့မှစတင်၍ ထုတ်ချေး‌နေပြီဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ခွေးရူးရောဂါဖြစ်ပွားမှု မရှိရန် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ ခေါင်းစဉ်ဖြင့် ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ နံနက် ၁၀ နာရီက လယ်ယားတောင် ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ ရွယ်လယ်ဓမ္မာရုံတွင် ပြုလုပ်သည်။

မတ္တရာမြို့နယ်၌ ကျောင်းဖွင့်ချိန် ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာစာပေသင်ကြားနိုင်ရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ ကျောင်းဖွင့်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ စာပေသင်ကြားနိုင်ရေးနှင့် ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ တပ်မတော်သားများပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က (မတ္တရာ)တွင် မေ၂၃ရက် နံနက် ၇နာရီက  စုပေါင်းသန့်ရှင်းရေးပြုလုပ်သည်။

ကျောက်ဆည်တက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာ အရည်အ‌သွေးမြှင့် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ သင်ကြား/သင်ယူမှုစနစ် ပိုမိုကျွမ်းကျင် အောင်မြင်တိုးတက်လာ‌စေပြီး အရည်အသွေးရှိသော ကျောင်းသား/ကျောင်းသူများ ပေါ်ပေါက်‌လာ‌စေရေးတို့ကို ရည်ရွယ်ကာ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၂ ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ် "ဘဝအလင်းသစ်" စာကြည့်တိုက်၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများ ရရှိပြီး ဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်သည့် အ‌လေ့အကျင့်‌ကောင်းများ ရရှိလာစေရန် အသိပညာပေး ဟောပြောပွဲကို သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းနှစ်ဦး၏ အိမ်အပြန်ခရီးလမ်းအား မိသားစုဝင်များ၊ ရပ်ကွက်ပြည်သူများ ဂုဏ်ပြုကြိုဆို

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းတာဝန်အား သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အိမ်ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းနှစ်ဦးကို မေ ၂၂ ရက် နံနက်ပိုင်းက အိမ်ပြန်လမ်းတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ငါးလုံကုန်းကျေးရွာရှိ ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား” ကို ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၃၀×၃၁ လမ်းကြား၌ မေလ ၂၂ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး