မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အနော်ရထာခန်းမ၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။