မြင်းခြံ နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ အာဟာရ ထမင်းကျွေးခြင်းကို ယနေ့နံနက် (၁၁) နာရီက ပြုလုပ်ခဲ့သည်။
“၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြင်းခြံမြို့ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းရှိ KG ကျောင်းသား/ကျောင်းသူ (၁၆) ဦးအား အာဟာရကျွေးမွေးခြင်းအဖြစ် ကြက်ဥဟင်း၊ ပဲနှပ်၊ အချဉ်ရည်ဟင်းဖြင့် ထမင်းကျွေးခြင်းအပြင် ပေါင်မုန့်နှင့်အာဟာရမှုန့်များပါ ကျွေးမွေးခဲ့ပြီး သွားတိုက်ဆေး၊ သွားတိုက်တံများပါ ပေးအပ်လှူဒါန်းခဲ့ပါတယ်” ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်မှူး ဒေါက်တာ ဇင်မာသန်းထွန်းက ပြောသည်။
အဆိုပါ အာဟာရထမင်းကျွေးခြင်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)