ကျောက်ဆည် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲအဖြစ် နိုဝင်ဘာ (၇) ရက် နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၌ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများဖြစ်သည့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၅)ဦး၊မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား(၂)ဦး၊ကျောင်းသူ(၃)ဦး၊ ရွှေပညာသစ် (ကိုယ်ပိုင်အထက်တန်းကျောင်း)မှ ကျောင်းသူ(၅)ဦး၊ အ.ထ.က(ဆူးလေကုန်း)မှ ကျောင်းသူ(၅)ဦး၊ အ.ထ.က(ဟံမြင်မိုရ်)မှ ကျောင်းသား(၃)ဦး၊ကျောင်းသူ(၂)ဦး၊ အ.ထ.က(၂)မှ ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၂)ဦး၊ အ.ထ.က(၃)မှ ကျောင်းသား(၁)ဦး၊ကျောင်းသူ(၄)ဦး၊ အ.ထ.က(၁)မှ ကျောင်းသား(၂)ဦးနှင့် ကျောင်းသူ(၃)ဦး ကျောင်းသူ(၂)ဦး၊ မဟာပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ(၅)ဦ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အထက်တန်းအဆင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ထူးချွန်သူများအား ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု(၂)ဆုများရွေးချယ်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး( ကျောက်ဆည်)