ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ပံသကူမဟာထေရ် ဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်အား လေ့လာနိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွား ဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက ပံသကူမဟာထေရ်ဘုရားဖူးမြော်ပြီး ဘုရားတည်ဆောက်ပုံ ဗိသုကာပညာရပ်များကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။