ပြည်တွင်းအခွန်များဦးစီးဌာနသို့ မြို့နယ်သမဝါယမအသင်းစု(၇၅)စုတို့က ဝင်ငွေကြေညာလွှာများပေးအပ်

မန္တလေး ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်သမဝါယမအသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၁ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် အောင်မြေသာစံမြို့နယ်အခွန်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူအောင်က အခွန်ဆိုင်ရာသိကောင်းစရာများနှင့် ဝင်ငွေခွန်ကြေညာလွှာအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်ဖြူဖြူသန့်၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးသူရအောင်နှင့် အသင်းစုများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည် ဖြေကြားရှင်းလင်းသည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု(၇၅)စုတို့က ဝင်ငွေကြေညာလွှာများကို ပေးအပ်ခဲ့ကြသည်။

မြင့်မော်ထွန်း(မြို့နယ်ပြန်/ဆက်)