ကျောက်ဆည်မြို့၌ မိသားစုဝင်ငွေတိုးပွားရေး အခမဲ့သင်ကြားပေးလျက်ရှိသော ပလတ်စတစ်ခြင်းတောင်း ရက်လုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ အမျိုးသမီး ၂၀ ဦးအား မိသားစုအပိုဝင်ငွေ တိုးပွားရေး မြို့နယ်အမျိုးမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခမဲ့သင်ကြားပေးလျက်ရှိသော ပလတ်စတစ်ခြင်းတောင်း ရက်လုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။