သင်္ဃန်းကျွန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၂၀၂၅ ခုနှစ်တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် ယမန်နေ့ နံနက်က စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။