လမ်းမတော် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ICEC private school ၌ KG ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးမှုများကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ICEC private school၌ KG ကျောင်းသား/ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအကြောင်း ပြောကြားခြင်း၊ အစာအုပ်စု (၅)အုပ်စု အကြောင်းရှင်းပြခြင်း၊ စနစ်မှန်သွားတိုက်နည်းအား သရုပ်ပြသင်ကြားပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ သန့်လေးသန့်၊ ရန်သူ၊ အစာစားပါ ကဗျာများအားသင်ကြားခြင်း၊ ဗီတာမင်အေ တိုက်ကျွေးခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ ကျောင်းကျန်းမာရေးမှတ်တမ်းကဒ်မှာပါသော အချက်အလက်များအား စစ်ဆေးပေးခြင်း စသည့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)