အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သန့်ရှင်းသာယာရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ ၆

ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အတွက်  အခြေခံပညာ‌ကျောင်းများနှင့် တက္ကသိုလ်များ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ကျောင်းအတွင်း/ အပြင်ရှိ ရေမြောင်းများဆယ်ယူရှင်းလင်းခြင်း၊ အမြင်မတင့်တယ်သော ခြုံနွယ်မြက်များ၊ အမှိုက်များ၊ အုပ်မိုးသစ်ပင်သစ်ကိုင်များခုတ်ထွင်ရှင်းလင်းခြင်းအဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ လုပ်အားပေးလာရောက်သူများအား ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား မြို့နယ်စည်ပင်အင်အား (၄၀)ဦး၊ မြို့နယ်မီးသတ်အင်အား (၂၀)ဦး၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအင်အား(၈၀)ဦး၊ စုစုပေါင်း (၁၄၀)ဦးတို့က လူအင်အား၊ စက်အင်အားတို့ဖြင့် ဆောင်ရွက်ကြပြီး ထွက်ရှိလာသောအမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်နေရာသို့ ရှင်းလင်းပို့ဆောင်ပေးကြသည်။

ထို့သို့ သန့်ရှင်းရေးဆောင်ရွက်နေကြခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှုး (ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ်ခရိုင်)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။

သန်းသန်းအေး(ပြန်/ဆက်)