သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ ဝါတွင်းသီလခံယူပွဲနှင့် တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) ဓမ္မပူဇာ မင်္ဂလာသဘင်အခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၆

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းသီလခံယူပွဲနှင့်တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့) ဓမ္မပူဇာမင်္ဂလာသဘင်အခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါစေတီတော် ဂေါပကရုံး အာရုဏ်ခံတန်ဆောင်း အပေါ်ထပ်တွင်ကျင်းပရာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊ သမ္မာသမ္ဗုဒ္ဓသုံးလောကထွတ်ထား မြတ်စွာဘုရားကို ပင့်လျှောက်ခြင်းနှင့် ကမ္ဘာအေးဘုရားရှိခိုးဖြင့် ပူဇော်ကန်တော့ကြသည်။

ထို့နောက် စေတီတော်ဂေါပကအဖွဲ့ အဖွဲ့၀င် ဦးအောင်ဘုန်းနိုင်က ဂရုဓမ္မအခါတော်နေ့ ကျင်းပရခြင်း မင်္ဂလာထောပနာစကားမြွတ်ကြား၍ ဝတ်အသင်းအဖွဲ့များက ဂရုဓမ္မဇာတ်တော်အမွှန်းနှင့် ဂရုဓမ္မဇာတ်ပါဠိတော်နှင့်မဟာဓမ္မပါလဇာတ်တော်တို့ကို ရွတ်ဆိုခြင်း မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဂရုဓမ္မအခါတော်နေ့ ဓမ္မပူဇာမင်္ဂလာသဘင်အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်