သာကေတ စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ သမ္မာစာရိတ္တဓမ္မာရုံ၌ စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်မှ ၁၂ နာရီထိ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်ကို ဒုတိယနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ အဖွဲ့၀င် ဗိုလ်မှူး သူရိန်ဇော်နှင့်ဦးညွန့်ဝေ၊ အတွင်းရေးမှူး ရဲမှူးညွန့်၀င်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့၀င် ဦးကျော်၀င်းနှင့်ဦးသန်းဇော်ဦး၊ မြို့နယ် MEVM စက်နည်းပြဆရာများ၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၇၉၃)ဦးခန့် တက်ရောက်ခဲ့ပါသည်၊၊
ဆက်လက်၍ မြို့နယ် MEVM စက်ကိုင်တွယ်နည်း သင်တန်းနည်းပြအဖွဲ့၀င် ဦးမောင်မောင်မျိုးခိုင် (ဒုဦးစီးမှူး၊ထွေ/အုပ်)မှ MEVM စက်နှင့်ပတ်သက်၍ မဲပေးပုံအဆင့်ဆင့်ကိုရှင်းလင်းပြောကြားခြင်း၊ မဲဆန္ဒရှင်ပြည်သူ (၇၇၉) ဦးက စမ်းသပ်မဲပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း၊ စမ်းသပ်မဲပေးဆောင်ရွက်နေစဥ်အတွင်း တပ်ရင်း(၁၀)မှ ဗိုလ်မှူး ထွန်းနောင်ဦးစီး(၁+၃)ဦး၊ သာကေတမြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်နိုင်လင်းစိုးဦးစီး (၁+၆)ဦး၊ ၂/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း ဦးစီးပသလခရ (၁၀)ဦးနှင့် ၂/မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်၀ါ၀ါကျော် ဦးစီးပသလခရ (၁၀) ဦး၊ ၁/ထူပါရုံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မြင့် ဦးစီးပသလခရ (၁၀) ဦးတို့မှ လုံခြုံရေးဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်၊၊
အိရွှေစင်လတ်(ပြန်/ဆက်)