လမ်းမတော် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင် လမ်းဘေးဈေးသည်များအား ကျန်းမာရေးစစ်ဆေးမှုနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သောပူးပေါင်အဖွဲ့တို့သည် လမ်းမတော်မြို့နယ်၊ အမှတ် (၈) ရပ်ကွက် ဗဟိုအမျိုးသမီးဆေးရုံရှေ့ရှိ လမ်းဘေးဈေးသည်များအား Checklist ဖြင့် စစ်ဆေးခြင်း၊ သောက်ရေများတွင် ရေသန့်ဆေးပြားများခတ်ပေးခြင်း၊ သုံးရေများကို ကလိုရင်းဆေးခတ်ပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)