ကွန်ဟိန်းမြို့၌သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ကွန်ဟိန်း  ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာရှိသည့် နှစ်သစ်ကူးပြောင်းသည့် ရက်မြတ်အခါတွင် မြန်မာ့ထုံးတမ်းအစဥ် အလာမပျက်သက်ကြီးဝါကြီး အဘိုးအဘွားပူဇော် ကန်တော့ခြင်းကို ယနေ့ နံနက် (၉)နာရီက ကွန်ဟိန်းမြို့၊ အမှတ်(၅ )ရပ်ကွက်၊ သဘာဝဘိုးဘွားရိပ်သာ ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခန့်မော်ဆွေ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာများ၊ ဝိသာခါအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပြီးဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ပါသည်။

ထို့နောက်သက်ကြီး အဘိုးများအားလှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး သက်ကြီးဘိုးဘွားများ ကိုယ်စားအဘိုးဦးအုန်းမောင်နှင့် ဦးပန်းစိန်တို့က ပြန်လည်ဆုတောင်း မေတ္တာပေးခဲ့သည်။ ယင်းနောက် အလှူရှင်များအတွက် ဝိသာခါ အဖွဲ့မှလည်း ဆုတောင်းမေတ္တာပေးခဲ့သည်။

ယနေ့ကျင်းပသည့် သက်ကြီးပူဇော်ကန်တော့ပွဲတွင်  အဘိုးအဘွား (၅၇)ဦး အား ပူဇော်ကန် တော့ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)