တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်ကြီး၌ ယမန်နေ့ညပိုင်းအချိန်က ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ပွဲတွင် ဘုရားဖူးလာရောက်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။