မိုင်းယန်း မေ ၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ လူနာဆောင်များ၊ ဓာတ်ခွဲခန်းများ စသည့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအား ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးကုသခံယူနေသည့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထင်ကျော်မှ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်တာများကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး