တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်

တာချီလိတ် မေ ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်ကြီး၌ ယမန်နေ့ညပိုင်းအချိန်က ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ပွဲတွင် ဘုရားဖူးလာရောက်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

အဆိုပါဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ရာတွင် စစ်ဗျူဟာအခြေချ (တာချီလိတ်) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်‌ ဝေသုံနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရွှေတိဂုံဂေါပကဥက္ကဋ္ဌ ဦးဇော်မြင့်နှင့် အဖွဲ့ဝင်များက ည ၇ နာရီ ၂ မိနစ်အချိန်တွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်ဖွင့်လှစ်ပြီး ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ ဘုရားဖူးလာရောက်သည့် ဒေသနေတိုင်းရင်းသားပြည်သူများက ဆီးမီးများ ထွန်းညှိပူဇော်ကာ ဝိုင်းဝန်းကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ် ရွှေတိဂုံစေတီတာ်သို့ ရှမ်း၊ လားဟူ၊ ဗမာ၊ အာခါ၊ ပလောင် စသည့်လူမျိုးအများစုနှင့် တခြားတိုင်းရင်းသားများက ရွှေတိဂုံစေတီရင်ပြင်တော်တွင် ပန်း၊ ရေချမ်း၊ အမွှေးနံ့သာ၊ ဆီမီးတို့ လှူဒါန်းပူဇော်ခြင်းနှင့် စတုဒီသာ လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားခဲ့ ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)