ကွန်ဟိန်း မေ ၁၂
မြန်မာ့ရိုးရာအမွေအနစ် ရိုးရာအားကစားဖြစ်သည့် ရိုးရာလှေလှော်ပြိုင်ပွဲကိုပြုလုပ်ခြင်းဖြင့် ရိုးရာအားကစားကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ လူငယ်လူရွယ်များ လှေလှော်အားကစားနည်းကို စိတ်ဝင်စားလာပြီး ထူးချွန်၍အရည်အချင်းပြည့်ဝသည့် လှေလှော်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ နမ့်ပန်ချောင်းအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီခန့်က ကဆုန်ညောင်ရေသွန်းပွဲတော်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရိုးရာလှေလှော်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ (၁)တက်လှော် (၂၁)သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်