မြောက်ဥက္ကလာပ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းရရှိခဲ့သော စာအုပ်၊ စာစောင်များနှင့် ပရိဘောဂများအား မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာအုပ်၊ စာစောင်များနှင့် ပရိဘောဂများ လှူဒါန်းပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များကို မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်စာကြည့်တိုက်များတွင် စနစ်တကျ ရေးသွင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် စာကြည့်တိုက် ကော်မတီများ ၊ စာကြည့်တိုက်မှူးများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုကြောင်း စသည့်တို့ကိုပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် နှင့် မြို့နယ်တာ၀န်ခံဒုတိယဦးစီးမှူး ဒေါ် သိင်္ဂီပြည့်ဖြိုးတို့က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာကြည့်တိုက်တစ်တိုက်လျှင် စာအုပ်တင်သံစင်တစ်စင် ၊ ပလက်စတစ်ထိုင်ခုံ ရှစ်လုံး နှင့် သုတ ၊ရသစာအုပ် ၄၁ အုပ်တို့ကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများအား ပေးအပ်လှူဒါန်းခဲ့ပြီး ရပ်ကွက်စာကြည့်တိုက်မှူး တစ်ဦးက ကျေးဇူးတင်စကားပြောကြခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာ၀န်ခံဒုတိယဦးစီးမှူးနှင့် ၀န်ထမ်းများ ၊မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် စာကြည့်တိုက်မှ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သက်လွင်စိုး