လဲချား ဇွန် ၉
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် မူလတန်းလွန်ကျောင်း(ဟိုရင်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက လွတ်လပ်ရေးနေ့၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးအလုပ်သမားအကြောင်း သိကောင်းစရာများအားလည်ကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဟေမွန်ဦးက မူးယစ်ဆေးဝါးဟူသည်၊ ရှောင်လေဝေးဝေးမူးယစ်ဆေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းကိုလည်းကောင်း၊ အသိပညာပေးဟောပြောခဲ့ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)