ကျိုင်းတုံ ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကျိုင်းတုံမြို့နယ်မဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေနှင်းအေးနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး အသင်း၏ အုပ်ချုပ်မှု ဒါရိုက်တာမှ ဒါရိုက်တာအဖွဲ့အစီရင်အခံစာနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသည့် အမှုဆောင်အဖွဲ့နှင့် အသင်းသားများ၏ အတည်ပြုချက်များရယူခဲ့ပြီး အသင်းသား (၂၅၆) ဦးအား အစုပေါ်အမြတ်ငွေ/ စုဆောင်းငွေပေါ်အတိုးနှင့် တက်ရောက်လာသည့် အသင်းသားများအား ပြန်လည်ချီးမြှင့်သည့် အနေနှင့် တစ်ဦးလျှင် ပဲဆီတစ်ပိဿာနှုန်းနှင့် မျက်နှာသုတ်ပုဝါ စသည်တို့ကို ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)