ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး အောင်တော်မူစေတီတော်အား ဖူးမျှော်ကြည်ညို

တန့်ယန်း ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် နေမိန္ဓရကုန်းတော်ရှိ အောင်တော်မူစေတီတော်အား ယနေ့နံနက် ၈ နာရီခွဲက ဖူးမျှော်ကြည်ညိုသည်။

ထိုသို့ ဖူးမျှော်ကြည်ညိုရာတွင် ဝန်ကြီးသည် စေတီတော်အတွင်း၌ ဘုရားအားရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူကာ တာဝန်ရှိသူများနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက အောင်တော်မူစေတီတော် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလအား လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်း၍ စေတီတော်အတွင်း လှည့်လည်ကြည်ညိုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)