မိုင်းယောင်း ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အ.မ.က(နားဖန်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းအောင်ဇော်လင်းက ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ခြင်းဖြင့် အတွေးအမြင်များ ကျယ်ပြန့်လာမည်အကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို ဟောပြောပြီး ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဝေဝေခိုင်နှင့် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်တို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ MSME နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ကြသည်။
ထို့နောက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး စာအုပ်ပြပွဲ၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ခင်းကျင်းပြသပြီး အားကစားပြိုင်ပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရာဇီ(ပြန်/ဆက်)