ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နောင်တောင်းပရဟိတ တပ်ဦး ဘုန်းတော်ကြီးကျောင်း ဆရာတော်အားဖူးမြော် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လွယ်အွန့်ကျေးရွာ အမျိုးသမီးစေတနာ့ဝန်ထမ်းဆယ်အိမ်စုမှူးများ တွေ့ဆုံပွဲပြုလုပ်

ဟိုပုံး ဇွန် ၁၆

ရှမ်းပြည်နယ် (‌တောင်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဒုဥက္ကဋ္ဌ ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ဇွန်လ (၁၃) ရက်နေ့နံနက် ၈ နာရီခွဲအချိန်က သီရိမင်္ဂလာ‌ရွှေချမ်းသာမွေ တော်ဘုရားကြီးသို့ ရောက်ရှိ၍ ဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမြတ်၊ အဖွဲ့ဝင်များနှင့်အတူ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအား ပန်း၊ ရေချမ်းနှင့် ဆီးမီးတို့ကို ကပ်လှူပူဇော်ကြသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေများပေး အပ်ရာ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်းရှိ နဂါးရုံ စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီးမီးတို့ကို ကပ်လှူပူဇော်ကြသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာ‌ရေးကျောင်းဆရာတော်အား  ရှိခိုးကန်တော့၍  ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အား လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများကိုထောက်ပံ့ပေးအပ်ပြီး  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လွယ်အွန့်ကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည် ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် မှ ကျေးလက်‌ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အမျိုးသမီးစေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး အမျိုးသမီး စေတနာ့ဝန်ထမ်း ဆယ်အိမ်စုမှူးများမှ ကြိုဆိုမိတ်ဆက်ကြသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌမှ စီမံချက်ဝင် လွယ်အွန့်ကျေးရွာတွင် ကျေးလက် ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အကောက်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ကျေးလက်‌ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုး တက်ရေး စီမံချက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အမျိုးသမီးစေတနာ့ဝန်ထမ်း ဆယ်အိမ်စုမှူးများအတွက် တီရှပ်အင်္ကျီ၊ လုံချည်၊ ဆိုလာမီးအိမ်၊ ထီး၊ သွားတိုက်ဆေးနှင့် အသင်းအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဆယ်အိမ်စုမှူးများအတွက် လွယ်အိတ်နှင့် ကျေးရွာအတွက် အမှိုက်ပုံး၊ တံမျက်စည်း၊ အမှိုက်ဂေါ်များ ပေးအပ်ခဲ့ကြပြီးနောက် သက်ကြီးဘိုးဘွားအား ‌ထောက်ပံ့ ငွေနှင့် စားသောက်ဖွယ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)