ကျိုင်းတုံ ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ကျိုင်းတုံ)တွင် ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာက အမှာစကားပြောကြားပြီး ဝန်ကြီးဌာန၏ ပုလဲရတု နှစ်ပတ်လည်နေ့အထိမ်းအမှတ် Video Click အား ပြသသည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့(အကြို) ဂုဏ်ပြုသွေးလှူဒါန်းခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးတွင် ဖွင့်လှစ်သည့် ရုံးလုပ်ငန်းဆိုင်ရာသင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာတက်ရောက်နေသည့် ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ ခရိုင်ဦစီးမှူးနှင့် ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကျိုင်းတုံမြို့ စိန်ပန်းကျောင်းတိုက်၌ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်သင်တန်းအတွက် အလှူငွေများဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)