ရှမ်းပြည်နယ်

မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌  ၂၀၂၄-၂၀၂၅ ခု  ဘဏ္ဍာရေးနှစ်အတွက်  အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဇွန်လ ၂၁ ရက်နေ့  နေ့လည် ၁ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကျင်းပသည်။

မိုင်း‌ယောင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အသုံးပြုမှုမရှိစေရေး ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီက လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ တရားမဝင်တင်သွင်းခြင်းနှင့် ရောင်းချခြင်း၊ မောင်းနှင် အသုံးပြုခြင်း မရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ဗလမင်းထင်လမ်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်ထုတ် မိဘပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စာသုံးကုန်ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်ထုတ်မိဘပြည်သူများအား ယနေ့နံနက်(၈)နာရီမှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် စားသောက်ကုန်ကြက်ဥများ ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိသည်။

မိုင်းခတ်မြို့နယ် ယန်းမိုင် (လားဟူ) ကျေးရွာ 'လင်းရောင်ခြည်'စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင် (လားဟူ) ကျေးရွာ 'လင်းရောင်ခြည်' စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ ညနေ (၃) နာရီအချိန်က ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊‌ ယန်းမိုင်(လားဟူ)ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)၊ လေးယောက်တွဲပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက် နေ့လယ် ၂ နာရီက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)ကျင်းပ

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)ကို ဇွန်(၂၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အပတ်စဥ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး ဘဲဥရေကန်နှင့် ပါမိုးနဲရေထွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုးရာသီကာလဝင်ရောက်လာပြီဖြစ်၍ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များကင်းရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်၊ ယင်၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေးအတွက် ယမန်နေ့နံနက်(၈)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း ပတ်ဝန်းကျင်၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်၊ ရေမြောင်းများ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးရန် ကြိုတင်ပြင်ဆက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်