မိုင်းကိုင်မြို့နယ်၌ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မိုင်းကိုင် ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌  ၂၀၂၄-၂၀၂၅ ခု  ဘဏ္ဍာရေးနှစ်အတွက်  အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဇွန်လ ၂၁ ရက်နေ့  နေ့လည် ၁ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းကိုင်မြို့နယ်၊ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ဥက္ကဋ္ဌ ဒေါ်နန်းလှိုင်လှိုင်ဦး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အောင်တို့က အမှာစကားပြောကြားပြီးနောက် အစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့မှု  လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အသင်း၏ စာရင်းစစ်ဆေးတွေ့ရှိချက်အပေါ် အမှုဆောင်အဖွဲ့၏အရေးယူဆောင်ရွက်ချက်များ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့်အမြတ်ခွဲဝေမှုစာရင်းများကို အမှုဆောင်အဖွဲ့ဝင်များက  ဖတ်ကြားတင်ပြခြင်း၊ တက်ရောက်လာကြသည့် အသင်းသားအသင်းသူများက အကြံပြုချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မိုင်းကိုင်မြို့နယ်၊ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမီတက်၌ အသင်းဝင် စုစုပေါင်း ၁၇၂ ဦးရှိသည့်အနက် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်၌ အသင်းသားများသို့ ချေးငွေပေါင်း  ၅၇,၂၁၇,၁၆၂/- ကျပ် ထုတ်ချေးပေးနိုင်ခဲ့ပြီး အစုပေါ်အမြတ်၊ စုဆောင်းငွေပေါ်အတိုးများကို ခြောက်လတစ်ကြိမ် ပြန်လည်ထုတ်ပေးလျက်ရှိရာ  ဒုတိယခြောက်လအတွက်  အသင်းသားများထံ သို့ စုစုပေါင်း ငွေ ၂,၈၁၃,၂၀၂/- ကျပ်ကို ပြန်လည်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)