မိုင်းဆတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)၊ လေးယောက်တွဲပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက် နေ့လယ် ၂ နာရီက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နောက်ထိန်းအကောင်းဆုံး အားကစားသမားဆုရရှိသော 5 Star အသင်းမှ ကျောနံပတ်(၁၈)၊ ကိုလှကြီးအား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက လည်းကောင်း၊ ပင့်ထောင်အကောင်းဆုံး အားကစားသမားဆုရရှိ‌သော 5 Star အသင်းမှ ကျောနံပတ်(၇)၊ ကိုရှိုင်းထက်အောင်အား မြို့မိမြို့ဖ ဦးစိုင်းမိုးဇော်ဦးကလည်းကောင်း၊ ရိုက်ခုတ်အကောင်းဆုံးအားကစားသမားဆုရရှိသော လားဟူလေးအသင်းမှ ကျောနံပတ်(၇)၊ ကိုပါရှီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ ဦးစိုင်းမွန်ဆေးသောင်းက လည်းကောင်း ဆုတံဆိပ်နှင့် ဆုတော်ငွေအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နှစ်သိမ့်ဆုရရှိသော ထွန်း(အပ်ချုပ်ဆိုင်)အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်(၁)၊ ဗိုလ်မှူးစိုးမြတ်သူကလည်းကောင်း၊ တတိယဆုရရှိသော မောချယ်ရီအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်ကလည်းကောင်း၊ ဒုတိယဆုရရှိသော လားဟူလေးအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးသန့်ကလည်းကောင်း ဆွဲပြားနှင့် ဆုတော်ငွေအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသော  5 Star အသင်းအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ဆွဲပြား၊ ဆုတော်ငွေနှင့် ပထမတံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)၊ လေးယောက်တွဲပြိုင်ပွဲကို ဇွန်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆတ်ခရိုင်အတွင်းရှိ အမျိုးသားပိုက်ကျော်ခြင်းအားကစားဝါသနာရှင် အသင်း(၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)