တုံတာ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း တွဲဖက်တာဝန်ခံဆရာမ ဒေါ်ယဉ်မော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မွန်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာရခြင်းအကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အ.ထ.ကကျောင်းမှ ဆရာ၊ ဆရာမများ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ လစဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)