လွိုင်လင်မြို့၊ အမှတ်-၁ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်-၁၊ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ ဉာဏ/ စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ ကြိုဆိုပါတယ် စုံညီပွဲတော်” သီချင်းဖြင့်အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။