မိုင်းတုံမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

မိုင်းတုံ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် အပိုင်း(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၇ နာရီ ၃ဝ မိနစ်မှစတင်၍ စစ်ဗျူဟာ (အခြေချ) မိုင်းတုံရှိ မိုးလုံလေလုံခန်းမတွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ MEVM မဲပေးစက်များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့  ၁၂ နာရီအချိန်တွင် မိုင်းဆတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချိုဦးဆောင်သည့်အဖွဲ့နှင့်အတူ  စစ်ဗျူဟာ(အခြေချ) မိုင်းတုံရှိမိုးလုံလေလုံခန်းမတွင် ရောက်ရှိခဲ့သည်။ ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်နေများတွင် မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲထွ၌နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံ‌ရေးနှင့် အကြမ်ဖက်နှိပ်နင်း‌ရေးအဖွဲ့များ (မြို့ပေါ်လုံခြုံရေးအဖွဲ့)ပူးပေါင်း၍ မဲရုံ(၅၈)ရုံအားမဲရုံအလိုက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများခွဲခြင်းလုပ်ငန်းများ‌ အဆင်သင့်ပြင်ဆင်ခဲ့ပြီး မိုင်းတုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါညရီလ (၁၁)ရက်နေ့တွင်အပိုင်း(၂) ကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအလိုက် (MEVM) မဲပေးစက်များ၊ မဲရုံသုံးပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးဦး‌ ဆောင်၍ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းမှစတင်၍ စနစ်တကျထုတ်ပေးနေမှုအား မိုင်းတုံ (အခြေချ)စစ်ဗျူဟာမှူးကြီး ဒုတိယဗိုလ်မှူးကြီး ညီညီနှင့်အဖွဲ့ဝင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့၊ မိုင်းဆတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချိုတို့မှ ကြီးကြပ်ကွပ်ကဲ စီစဉ်ဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။ ယင်း MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ၈-၁-၂၀၂၆ရက် နေ့အပြီး  ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)