လွိုင်လင်မြို့၊ အမှတ်-၁ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

လွိုင်လင် ဇန်နဝါရီ 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်-၁၊ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆  ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ ဉာဏ/ စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ ကြိုဆိုပါတယ်  စုံညီပွဲတော်” သီချင်းဖြင့်အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ပြုလုပ်ရာအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမူး ဆရာကြီး ဦးထွန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ကာ ၂၀၂၅-၂၀၂၆  ပညာသင်နှစ်တွင် ​ကျောင်းတက်မှန် ဆုရဆရာ/မများ၊ ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအားတာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများအား ကျောင်းသား /သူလေးများမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)