ရှမ်းပြည်နယ်

ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Communtiy Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (အကြို)  ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

အခြေခံပညာကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန်၊ စာပေဖတ်ရှူ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtiy Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (အကြို) ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ဒေသကြက်ကောင်ရေ ၁၀၀ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊နမ့်စန်ခရိုင် မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မိုက်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာရှိ အိမ်ထောင်စု ၂၀ စု အားတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ‌ ဆောင်ရွက်နိုင်ရန်အတွက် ဒေသကြက်ကောင်‌ရေ ၁၀၀ ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

လွိုင်လင်မြို့နယ် သမဝါယမအသင်းစု၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊  လွိုင်လင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပသည်။

မိုင်းတုံ၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်‌‌ကွေးဖြစ်ပွားမှု‌ လျော့နည်းစေရန်ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မဈေးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ  အသိပညာပေးကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံ တိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး ကတ္တရာ ကွန်ကရစ်(AC)လမ်းပုခုံးပဲ့ကျမှုနှင့် လမ်းသားပဲ့ကျမှုများခဲ့သည် တုံတာမြို့တွင်းလမ်း ယာဉ်ကြီး/ ယာဉ်ငယ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ တုံတာမြို့တွင်း ကတ္တရာကွန်ကရစ်(AC)လမ်းသည် ဇူလိုင် ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်း၍ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် လမ်းပုခုံးပဲ့ကျမှုနှင့်လမ်းသားပဲ့ကျမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ အဆင်ပြေပြေချောမွေ့စွာသွားလာနိုင်ရေး လမ်းအထူးအဖွဲ့(၃)နှင့် တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိရာ ကုန်စည်စီးဆင်းမှုပျက်တောက်မှုမရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေပယ်(ထက်)-ရေဦး(မြောက်) ကျောက် ချောလမ်း (၀/၄)မိုင် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဒေသတွင်းရှိကျေးလက်ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဒေသဖွံဖြိုးတိုးတက်စေရေးအတွက် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများတည်ဆောက်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဩဂုတ်(၃)ရက်နေ့တွင် ရေပယ်(ထက်)-ရေဦး(မြောက်) ကျေးရွာချင်းဆက် ကျောက်ချောလမ်း လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

နမ့်စန်မြို့ လွိုင်လကျေးရွာတွင် ကျန်းမာရေးစောင့်စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၍ ဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ လွိုင်လကျေးရွာအုပ်စု၊ လွိုင်လကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျေးရွာဘုန်းကြီးကျောင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟဲဟိုးမြို့ ပုန်းအင်းကျေးရွာ၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသ

ဟဲဟိုးမြို့၊ ပုန်းအင်းကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုပြသာနာများ လျော့ချနိုင်မှု၊ အချိန်ကုန်သက်သာပြီး ပြီးစီးမှုမြန်ဆန်သောကြောင့် ရာသီအချိန်မှီ စိုက်ပျိုးပြီးစီးမှု၊ မျိုးစပါးကုန်ကျမှု လျော့နည်းခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ်သက်သာခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေများတိုးတက်စေရန်နှင့် တောင်သူများလက်တွေ့ကျကျ သိရှိနားလည်ပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းအား တွင်ကျယ်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၆၅)စက်မှုလယ်ယာစခန်းတို့မှ ပူးပေါင်းကျင်းပသည့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ပုန်းအင်း‌  ကျေးရွာရှိ တောင်သူ ဦး‌ကျော်နိုင်စိုး၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပုန်းအင်း‌‌ကျေးရွာဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်