ရှမ်းပြည်နယ်

ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာ၌ ‌ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာ တောင်သူ ဦးဇင်မြင့်ဇော်၏ လယ်မြေ(၅)ဧကတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသပွဲ ကျင်းပပြုလုပ်ခဲ့သည်။  

ရွာငံမြို့နယ် ကဇက်ကျေးရွာအခြေခံပညာအထက်တန်း(ခွဲ)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို  အ.ထ.က (ခွဲ)(ကဇက်)ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းတုံ၌ အငြိမ်းစားပင်စင်စားအသက် (၁၁၇) နှစ်အား အိမ်တိုင်ရာရောက် UID (Biometric) စာရင်း‌ကောက်ယူဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ မလာရောက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဖြစ်သော ဖာချယ်ကျေးရွာနေ ဦးဒေဝိန် အသက် (၁၁၇) နှစ်အား နေအိမ်အရောက် UID ကောက်ယူမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) မြို့မအခြေခံပညာအလယ်တန်း‌ကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံတက္ကသိုလ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျိုင်းတုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းကျင်းသည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့က ကျိုင်းတုံတက္ကသိုလ်၊ ခေမရဋ္ဌ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် အမှတ်(၁၇) နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၇)နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ (အငြိမ်းစား) ပင်စင်စားများအား အိမ်တိုင်ရာရောက် UID (Biometric) စာရင်း ဆောင်ရွက်‌ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌(အငြိမ်းစား) ပင်စင်စားများအား အိမ်တိုင်ရာရောက် UID (Biometric) စာရင်း ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရှိရသည်။
Subscribe to ရှမ်းပြည်နယ်