ကလောမြို့နယ်၊ဟဲဟိုးမြို့ရှိရပ်ကွက်(၂)၊ကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုစစ်ခြင်း
ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေမှူးများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးရုံပင်ကျေးရွာအုပ်စုနှင့် သီခေါင်ကျေးရွာအုပ်စု ကော်မရှင်အဖွဲခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။