ရှမ်းပြည်နယ်

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင် (အသားကဏ္ဍ) နို့စားနွားမွေးမြူသူအစုအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးရေးအခမ်းအနားဖွင့်ပွဲ ကျင်းပ

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင် (အသားကဏ္ဍ) နို့စားနွားမွေးမြူသူအစုအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးရေးအခမ်းအနားဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး‌ မွေးမြူရေးအထက်တန်းကျောင်း (အေးသာယာ)၊ စိန်ပန်းပြာခန်းမ၌ ကျင်းပသည်။

ဟဲဟိုးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက က‌လောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ကတ္တရာကွန်ကရစ်(AC) လမ်းပုခုံးပဲ့ကျမှုနှင့် လမ်းသားပဲ့ကျမှုများခဲ့သည့် တုံတာမြို့တွင်းလမ်းပြုပြင်နေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ လာရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် ရောက်ရှိလာပြီး  တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး  ရဲစခန်းအရှေ့ဘက် ကိုက်(၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး ညာဘက်ခြမ်း ကတ္တရာလမ်းရေတိုက်စား၍ လမ်းပခုံးမြေသားပဲ့ကြသွားခြင်းနှင့် ပတ်သက်၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သရက်ပြင်ပြုလုပ်နည်းသင်တန်း ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု စမ်းရေဦးကျေးရွာ၌ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သရက်ပြင်ပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

တာချီလိတ်မြို့၊ ရွှေမဟာ-၂ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာများ ရရှိစေရေးတို့အတွက် အခြေခံအကျဆုံးဖြစ်သည့် ကျောင်းသား ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လေ့လာနိုင်ရန်နှင့် သိရှိလိုက်နာစေရန်ရည်ရွယ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်က ဝမ်ကောင်းရပ်ကွက်ရှိ ရွှေမဟာ-၂ ကိုယ်ပိုင်းအထက်တန်းကျောင်းတွင် ကျင်းပသည်။

ညောင်ရွှေမြို့နယ် ရွှေရန်ပြေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်

၂၀၂၅-ခုနှစ် ပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု ရွှေရန်ပြေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ပုလဲခန်းမ၌ ပြုလုပ်ခဲ့သည်။

တာလေမြို့၌ မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့ဖွံ့ဖြိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသည့် စာသင်ကျောင်းနှင့် လူနေအိမ်များသို့ သွားရောက်ကြည့်ရှု

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု ထီဝါးလီကျေးရွာနှင့် လွယ်မောင်(အောက်ရွာ)တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မြေပြိုသဖြင့် စာသင်ကျောင်းနှင့် လူနေအိမ်တစ်ချို့ ပြိုကျပျက်စီးမှုများကို ယမန်နေ့က သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့၌ လူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌  အခြေခံပညာအလယ်တန်း (ဝိန်းကောင်)ကျောင်းသို့ သွားရောက်၍ လူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၈) ဆက်လက်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၈) အား ယနေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ဖွင့်လှစ်သည်။
Subscribe to ရှမ်းပြည်နယ်