လင်းခေးမြို့နယ် ဝမ်ဟတ်အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရဲတပ်ဖွဲ့ကကြီးမှူး၍ ယနေ့နံနက် ၈ နာရီခွဲက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို လင်းခေးမြို့နယ် ဝမ်ဟတ်အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။