ပင်းတယမြို့နယ်၌ “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့်သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသနေပြည်သူများတစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးရေးအတွက် “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” အမှတ်(၁/၂၀၂၅-၂၀၂၆) ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။