မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တုံလောကျေးရွာအုပ်စု၊ တုံလောကျေးရွာ၊ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။