တောင်ကုတ်မြို့နယ်၌ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံပေး
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် တောင်ကုတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့နေ့လယ်က ဝက်ကျိတ်ကျေးရွာအုပ်စု၊ မှိုဟင်းတောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။